Innwa Bank Limited
Established | in November 1997Banking Facilities, Deposits (Current Account, Savings, Fixed / Time Deposits), Authorized Dealer (Foreign Currency) for Entrepreneurs and Enterprises. Payment of Salaries to Army Offices, Loans and Overdrafts.Principal office at No. (550/552) Merchant Street, Kyauktadar Township, Yangon. |
Contact Number | 01-249518 , 02-36593 , 01-391135 , 01-391137 |

Money Changer Counter 1. Thein Phyu Counter – No (99/103), Thein Phyu Street, Yangon. 2. Yangon Counter – No (550/552), Merchant Street, Yangon. 3. Chan Aye Tharzan Counter – (78)Street, Between 33×34, Merchant, Diamond Plaza, Mandalay. 4. Naypyitaw Counter – Ngalikechaung bridge, YwarKyauk ward, Pyinmana. |

ငွေစုဘဏ်အပ်ငွေစာရင်း(Saving Deposit Account)
တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့် အထက်တွဲဖက်၍ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး အရွယ်မရောက်သေးသူများစာရင်း၊ အသင်းအဖွဲ့ များနှင့်ကုမ္မဏီများ၏စာရင်းများကို ဖွင့်လှစ်ပေးပါသည်။ တစ်နှစ်လျှင်အတိုးနှုန်း(၉၁%)ပေးပါသည်။
စာရင်းရှင်းအပ်ငွေစာရင်း (Current Account)
- တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦးနှင့် အထက်တွဲဖက်၍ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်ပြီး အသင်းအဖွဲ့များနှင့် ကုမ္မဏီများ၏ စာရင်းများကို ဖွင့်လှစ်ပေးပါသည်။
စာရင်းသေအပ်ငွေစာရင်း(Fixed Deposit Account)
- စာရင်းသေအပ်ငွေများကိုလည်း လက်ခံဆောင်ရွက်လျက်ရှိပါသည်။ အချိန်ကာလနှင့်အတိုးနှုန်းများမှာ အောက်ပါအတိုင်းဖြစ် ပါသည်-
(၃)လ – (၉.၃)%
(၆)လ – (၉.၅)%
(၉)လ – (၉.၆)%
(၁)နှစ် – (၁၀)%
ပြည်တွင်းငွေလွှဲလုပ်ငန်း(Local Remittance)
- အင်းဝဘဏ်လီမိတက်ရှိ ဘဏ်ခွဲအားလုံးသို့ ငွေလွှဲပေးပို့နိုင်ပါသည်။ မိုင်းရှုးနှင့် ဖားကန့်ဘဏ်ခွဲများမှအပ ကျပ် (၁၀၀) လျှင် ငွေလွှဲခ(၅)ပြားနှုန်းဖြင့် ကောက်ခံပါသည်။ ငွေလွှဲခမှာ အနည်းဆုံးကျပ်(၂၀၀)ကောက်ခံပါသည်။
အပ်ငွေစာရင်းနှစ်မျိုးချိတ်ဆက်ပေးခြင်း(Link Between Two Account)
- စာရင်းရှင်းအပ်နှံငွေနှင့် ငွေစုဘဏ်အပ်ငွေတို့ကို စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်အရ ချိတ်ဆက်၍ ငွေသွင်း ၊ ငွေထုတ်ပြု လုပ်နိုင်ပါသည်။
ငွေပေးအမိန့်လွှာလုပ်ငန်း(Payment Order)
- ငွေပေးအမိန့်လွှာ (PO) များလည်း ရောင်းချ/ထုတ်ပေးလျက်ရှိပါသည်။ (PO) အပေါ်ကောက်ခံသည့်ကော်မရှင်မှာ ကျပ်(၁၀၀)လျှင် (၁၀)ပြား နှုန်း၊ အနည်းဆုံး (၅)ကျပ် ကောက်ခံပါသည်။
ဘဏ်အာမခံလုပ်ငန်း(Banki Guarrantee)
- ၀န်ကြီးဌာန၊ ကော်ပိုရေးရှင်းများအတွက် လိုအပ်သော ဘဏ်အာမခံအမျိုးမျိုးကို ငွေကျပ်(၁၀၀)လျှင် (၂%) ဖြင့် ဆောင် ရွက်ပေး ပါသည်။
Innwa ATM Debit Card
- အင်းဝဘဏ်လီမိတက်သည် (MPU) အဖွဲ့ဝင်ဘဏ်တစ်ခုဖြစ်ပြီး (Innwa ATM Debit Card) များဖြင့် ၂၄ နာရီကာလ ပတ် လုံး (MPU Logo) ပါသော (ATM) စက်များနှင့် (POS) စက်များတွင် ငွေထုတ်ယူနိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း၊ လက်ကျန်ငွေ စစ်ဆေးနိုင် ခြင်း၊ (Mini Statement) ထုတ်ပေးနိုင်ခြင်း၊ စာရင်းတစ်ခုမှတစ်ခုသို့ လွှဲပြောင်းနိုင်ခြင်းစသည့် လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ပါသည်။
- အင်းဝကတ်ကိုအရောင်သုံးမျိုးခွဲခြားထားပြီး (Silver Card) ကိုငွေကျပ်(၁)သန်း၊(Gold Card) ကိုငွေကျပ်(၅)သန်းထိ လည်းကောင်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။
- အင်းဝကတ်ကိုလက်ခံရရှိပြီးပါက ဘဏ်မှသတ်မှတ်ပေးထားသော လျှိုဝှက်ပင်နံပါတ်ကို မိမိနှစ်သက်ရာလျှိုဝှက်ပင်နံပါတ် သို့ပြောင်းလဲရန်လိုအပ်ပါသည်။ပင်နံပါတ်ပြောင်းပြီးပါ ကပြောင်းလဲထားသောပင်နံပါတ်ဖြင့် စမ်းသပ်စစ်ဆေးရန်လိုအပ် ပါသည်။
- ကတ်ပြန်ထွက်လာသောအခါ သတ်မှတ်ချိန်(၁)မိနစ်အတွင်းကတ်ကိုပြန်မယူပါက စက်မှအလိုအလျောက်သိမ်းယူသွား မည်ဖြစ်ပါသည်။
- ပင်နံပါတ်ကို (၃)ကြိမ်ဆက်တိုက်မှားယွင်းရိုက်မိပါက စက်မှအလိုအလျောက်သိမ်းယူသွား မည်ဖြစ်ပါသည်။
- ထိုသို့ ဖြစ်ခဲ့ပါက ဘဏ်သို့အမြန်ဆုံးအကြောင်းကြားရန်လိုအပ်ပါသည်။
Hot line -၀၁-၃၇၅၈၉၃
- ဖွင့်လှစ်ပြီးဘဏ်ခွဲများစာရင်း
- ရန်ကုန်တိုင်း — ရန်ကုန်ဘဏ်ခွဲ ၊ အင်းစိန်ဘဏ်ခွဲ ၊ကမာရွတ်ဘဏ်ခွဲ ၊ မရမ်းကုန်းဘဏ်ခွဲ ၊ မြောက်ဥက္ကလာပဘဏ်ခွဲ
- နေပြည်တော်—နေပြည်တော်(ပျဉ်းမနား)ဘဏ်ခွဲ ၊ဇေယျာသီရိဘဏ်ခွဲငယ် ၊
- မန္တလးတိုင်း— မန္တလေးဘဏ်ခွဲ ၊ ချမ်းအေးသာစံဘဏ်ခွဲ ၊ ပြင်ဦးလွင်ဘဏ်ခွဲ ၊ မိတ္ထီလာဘဏ်ခွဲ ၊ မြင်းခြံဘဏ်ခွဲ ၊
- ပဲခူးတိုင်း——- တောင်ငူဘဏ်ခွဲ ၊ ပြည်မြို့ဘဏ်ခွဲ ၊
- စစ်ကိုင်းတိုင်း—-မုံရွာဘဏ်ခွဲ ၊ကလေးမြို့ဘဏ်ခွဲ ၊ တမူးဘဏ်ခွဲ ၊
- မကွေးတိုင်း—–မကွေးဘဏ်ခွဲ ၊ ပခုက္ကူဘဏ်ခွဲ
- ရှမ်းပြည်နယ်—-တောင်ကြီးဘဏ်ခွဲ ၊ လားရှိုးဘဏ်ခွဲ ၊ ကျိုင်းတုံဘဏ်ခွဲ ၊ခိုလမ်ဘဏ်ခွဲ ၊မူဆယ်ဘဏ်ခွဲ ၊မိုင်းရှူးရတနာမြေဘဏ်ခွဲ ၊ ရပ်စောက်(ဗထူး)ဘဏ်ခွဲ ၊
- မွန်ပြည်နယ်—မော်လမြိုင်ဘဏ်ခွဲ ၊
- ကချင်ပြည်နယ်—မြစ်ကြီးနားဘဏ်ခွဲ ၊ ဖားကန့်ဘဏ်ခွဲ ၊
- ကယားပြည်နယ်—လွိုင်ကော်ဘဏ်ခွဲ ၊
- ကရင်ပြည်နယ်—-မြိုင်ကလေးဘဏ်ခွဲ
- ရခိုင်ပြည်နယ်—–စစ်တွေဘဏ်ခွဲ ၊ အမ်းမြို့ဘဏ်ခွဲ ၊ ကျောက်ဖြူဘဏ်ခွဲ ၊
- တနင်္သာရီတိုင်း—– မြိတ်မြို့ဘဏ်ခွဲ ၊ ထားဝယ်ဘဏ်ခွဲ ၊ ကော့သောင်းဘဏ်ခွဲ
- ဧရာဝတီတိုင်း—–ပုသိမ်ဘဏ်ခွဲ
- ရုံးချုပ်—အမှတ် ( ၅၅၀ / ၅၅၂ ) ၊ ကုန်သည်လမ်းနှင့် ( ၃၆ ) လမ်းထောင့် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ။ ဖုန်း ၀၁-၂၅၆၂၅၄
ချေးငွေလုပ်ငန်း(Loans and Ovensdrafts)
အင်းဝဘဏ်လီမိတက်သည် စာရင်းပိုထုတ်ချေးငွေ (Loans and Ovendrafts) တို့ကိုထုတ်ချေးလျှက်ရှိရာ စာရင်းပိုထုတ်ချေးငွေ အတွက် အတိုးနှုန်း(၁၃%)ဖြင့်လည်းကောင်း၊ အထူးချေးငွေအတွက် အတိုးနှုန်း(၁၂)%ဖြင့်လည်းကောင်း ထုတ်ချေးပါသည်။
ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ အထူးချေးငွေထုတ်ချေးပေးပါသည်။
ချေးငွေများအပေါ်တွင် ဘဏ်ဝန်ဆောင်ခ (Service Change) ကောက်ခံခြင်းမပြုပါ။
ချေးငွေများအပေါ်တွင် ငွေထိန်းသိမ်းခ (Commitment Fees) ကောက်ခံခြင်းမပြုပါ။
အမှန်တကယ်ထုတ်ယူသည့် ငွေပမာဏအပေါ်တွင်သာ အတိုးတွက်ချက်ပါသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူလယ်သမားများအား အထောက်အကူပြုစေရန် (Hire Purchase) ချေးငွေ ဖြင့် ဆောင်ရွက်ပေးပါသည်။
ထိုသို့ချေးငွေများထုတ်ပေးရာတွင် အကောင်းဝန်ဆောင်မှုဖြင့်ဆောင်ရွက်ပေးနေပါသည်။
INNWA BANK LIMITED
Foregin Banking Department
နိုင်ငံခြားငွေလဲလှယ်ရေး (Currency Exchange)
အင်းဝဘဏ်လီမိတက်ရှိ နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများဖြစ်သော–
(၁) ရန်ကုန်ဘဏ်ခွဲကောင်တာ
(၂) နေပြည်တော်(ပျဉ်းမနား)ဘဏ်ခွဲကောင်တာ
(၃) ချမ်းအေးသာစံဘဏ်ခွဲကောင်တာတို့တွင် (USD, EURO, SGD Currency) များကို မြန်မာကျပ်ငွေဖြင့် လဲလှယ် ပေးပါ
သည်။
စာရင်းရှင်းအပ်ငွေစာရင်း(Foregin Banking Department)
နိုင်ငံခြားငွေတရားဝင် ကိုင်ဆောင်ထားသော မည်သူမဆို မိမိပိုင်ဆိုင်သော နိုင်ငံခြားငွေများကို စာရင်းရှင်အပ်ငွေ စာရင်းဖွင့်လှစ်အပ်နှံနိုင်ပါသည်။
စာရင်းးရှင်အပ်ငွေ လက်ခံခွင့်ပြုသည့် ငွေအမျိုးအစားများမှာ-
(၁) အမေရိကန်ဒေါ်လာ(USD)
(၂) ယူရိုငွေကြေး (EURO)
(၃) စကာင်္ပူဒေါ်လာ(SGD)
စာရင်းရှင်အပ်နှံငွေအမျိုးအစားများမှာ-
(၁) နိုင်ငံသားတစ်ဦးချင်းစာရင်းများနှင့်ပူးတွဲစာရင်းများ။
(၂) နိုင်ငံခြားသားတစ်ဦးချင်းစာရင်းများနှင့် ပူးတွဲစာရင်းများ။
(၃) နိုင်ငံသားပိုင်ကုမ္မဏီများ၊ တစ်ဦးတည်းပိုင်လုပ်ငန်းများ၊ အစုစပ်ပိုင်လုပ်ငန်းများ။
(၄) နိုင်ငံခြားသားပိုင်ကုမ္မဏီများ၊ တစ်ဦးတည်းပိုင်လုပ်ငန်းများ၊ အစုစပ်ပိုင်လုပ်ငန်းများ။
(၅) နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှု ကုမ္မဏီများ။
(၆) ဖက်စပ်ကုမ္မဏီများ၊ သမ၀ါယမလုပ်ငန်းများ၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အားကစား အသင်းအဖွဲ့များ။
နိုင်ငံခြားငွေဖြင့် စာရင်းရှင်းအပ်ငွေများမှ ငွေသားထုတ်ယူခြင်း
နိုင်ငံခြားငွေဖြင့် စာရင်းရှင်းအပ်ငွေစာရင်းများမှ ငွေသားထုတ်ယူလိုသည့်အခါ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ိ/- (သို့) ၄င်းနှင့် ညီမျှသည့် ယူရို၊ စင်္ကာပူဒေါ်လာများကို ထုတ်ယူခွင့်ပြုပါသည်။
စာရင်းပြောင်းနည်းဖြင့် ရောင်း/၀ယ်/လဲလှယ်ခြင်း
နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ကုမ္မဏီများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၏ စာရင်း များကို နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသည့်ဘဏ်များမှတဆင့် ရောင်း/၀ယ်/လဲလှယ်နိုင်ပါသည်။
အင်းဝဘဏ်လီမိတက် နိုင်ငံခြားဘဏ်လုပ်ငန်း၏ ရှေ့လုပ်ငန်းစဉ်များ
-ပြည်ပငွေလွှဲလုပ်ငန်းများ(Oversea Remittance)
-ငွေလွှဲလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ အပြန်အလှန် လွှဲပြောင်းပေးပို့နိုင်ပါသည်။
-ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ လွှဲပို့ခြင်း(Inward Remittance)။
-မြန်မာနိုင်ငံအတွင်းမှ ပြည်ပလုပ်ငန်းရှင်များထံသို့ လွှဲပြောင်းပေးပို့ခြင်း(Outward Remittance)လုပ်ငန်းများ။
-သွင်းကုန်လုပ်ငန်းများ(Import)
-ငွေလွှဲစာတမ်းများ ဖွင့်လှစ်၍ သွင်းကုန်လုပ်ငန်းများဆောင်ရွက်ခြင်း(Import Letter Of Credit)။
-သွင်းကုန်ဘီလ်လုပ်ငန်းများ(Import Bill)။
-ပို့ကုန်လုပ်ငန်းများ(Import)
-ငွေလွှဲစာတမ်းများဖွင့်လှစ်၍ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ခြင်း (Import Letter Of Credit)။
-ပို့ကုန်ဘီလ်(Export Bill) လုပ်ငန်းများဆောင်ရွက်ခြင်း။
-ကုန်သွယ်မှုငွေကြေးထောက်ပံ့ပေးခြင်း(Trade Financing)
–သွင်းကုန်လုပ်ငန်းရှင်များနှင့်ပို့ကုန်လုပ်ငန်းရှင်များအတွက် ငွေလွှဲစာတမ်း (Letter Of Credit) ကိုအခြေခံ၍ ကုန်သွယ်မှု
ငွေကြေးထောက်ပံ့ခြင်း (Trade Financing) လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးပါမည်။
-ဘဏ်အာမခံလုပ်ငန်းများဆောင်ရွက်ခြင်း(Bank Guarantee)
-တင်ဒါအာမခံ(Tender Guarantee)
-ဆောင်ရွက်မှုအာမခံ(Performance Guarantee)
-ကြိုတင်ငွေပေးချေမှုအာမခံ(Advance Payment Guarantee)
-သင်္ဘောတင်စာချုပ်စာတမ်းအတွက် အာမခံခြင်း (Pre Shipment Guarantee)
အင်းဝကတ် သုံးစွဲခြင်း သိကောင်းစရာများ
စာရင်းဖွင့်လှစ်ခြင်း
-စာရင်းဖွင့်လှစ်ချိန်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဖြစ်ရပါမည်။
-တစ်ဦးတည်းအမည်ဖြင့်သာ စာရင်းဖွင့်ခွင့်ရှိပါသည်။
-နိုင်ငံသားစိစစ်ရေးကတ်မူရင်း တင်ပြရပါမည်။
-ကနဦးပေးသွင်းငွေ ကျပ် ၁၀,၀၀၀ိ/-(ကျပ်တစ်သောင်း)ပေးသွင်းရပါမည်။ စာရင်းလက်ကျန် အနည်းဆုံး ကျပ် ၂၀၀၀ိ/- (ကျပ်နှစ်ထောင်)
ငွေပေးသွင်းခြင်း
-ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်းခြင်းဖြင့်ဖြစ်စေ၊ အင်းဝဘဏ်လီမိတက်၏ မည်သည့်ဘဏ်ခွဲမှမဆို ငွေလွှဲဖြင့်ဖြစ်စေ ငွေပေးသွင်း နိုင်ပါသည်။
-အင်းဝကတ်ကို (၃)မျိုးခွဲခြားထားပြီး (Silver Card) ကိုငွေကျပ်(၁)သန်း ထိလည်းကောင်း၊ (Gold Card) ကိုငွေကျပ်(၃)သန်းထိ လည်းကောင်း၊ (Diamond Card) ကို ငွေကျပ်(၅)သန်းထိလည်းကောင်း ထည့်သွင်းနိုင်ပါသည်။
ငွေထုတ်ခြင်း
-အင်းဝကတ်ကို (MPU Logo) ပါသည့် မည်သည့်(ATM)စက်တွင်မဆို ငွေသားထုတ်ယူနိုင်ပြီး ကတ်စာရင်း၌ ငွေလုံလောက်မှုရှိပါ က တစ်နေ့လျှင်အများဆုံး ကျပ်(၁)သန်းအထိသာ ထုတ်ယူနိုင်ပါသည်။
-(POS)တွင် တစ်နေ့လျှင် ကတ်စာရင်း၌ ငွေလုံလောက်မှုရှိပါက ကျပ်(၅)သန်းအထိငွေပေးချေမှုပြုနိုင်ပါသည်။
ကတ်သက်တမ်း
-အင်းဝကတ်သက်တမ်းကို သာမာန်အားဖြင့် (၃)နှစ်သတ်မှတ်ပြီး သက်တမ်းကုန်ဆုံးပါက မူလကတ်ထုတ်ပေးခဲ့သောဘဏ်တွင် သက်တမ်းတိုးမြှင့်ရပါမည်။
ကတ်ပျောက်ဆုံးခြင်း/ပျက်ဆီးခြင်း
-ကတ်ပျောက်ဆုံးပါက ကတ်ထုတ်ပေးသည့်ဘဏ်သို့လည်းကောင်း၊သို့မဟုတ် အနီးစပ်ဆုံးအင်းဝဘဏ်ခွဲသို့လည်းကောင်း အမြန် ဆုံးအကြောင်းကြားရပါမည်။
-ကတ်ပျောက်ဆုံးခြင်းကို အချိန်မီအကြောင်းကြားရန်မှာ ကတ်ပိုင်ရှင်၏ တာဝန်သာဖြစ်ပြီး ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှု များမှာ ကတ်ပိုင်ရှင်၏ တာဝန်သာဖြစ်ပါသည်။
-ကတ်ပျောက်ဆုံးကြောင်း အကြောင်းကြားပြီးနောက် ပြန်လည်တွေ့ရှိပါက ဘဏ်သို့အကြောင်းကြားပြီး ဘဏ်သို့ပြန်လည်အပ်နှံရ ပါမည်။
-ကတ်ပျက်စီးခြင်းဖြစ်ပါက ပျက်စီးသည့်အစိတ်အပိုင်းများနှင့်အတူ ကတ်ပိုင်ရှင်ဖြစ်ကြောင်း အထောက်အထားများတင်ပြပြီး ကတ်အသစ်ပြန်လည်ထုတ်ယူနိုင်ပါသည်။
-ကတ်ပျောက်ဆုံခြင်း/ပျက်ဆီးခြင်းများအတွက် ကတ်တန်ဘိုး ကျပ်၅,၀၀၀ိ/-(ကျပ် ငါးထောင်တိတိ)ကိုပေးသွင်းရပါမည်။
ကတ်စာရင်းပိတ်ခြင်း
-အင်းဝကတ်အား ဆက်လက်အသုံးမပြုလိုပါက ကတ်ပိုင်ရှင်ကိုယ်တိုင် စာရင်းဖွင့်လှစ်ခဲ့သောဘဏ်၌ အင်းဝကတ်နှင့် အတူ လျှောက်ထားရပါမည်။
ကတ်စာရင်းပိုင်ရှင်ကွယ်လွန်ခြင်း
-အင်းဝကတ်စာရင်းပိုင်ရှင်ကွယ်လွန်ပါက အမွေစား/အမွေခံများသည် အင်းဝကတ်နှင့်အတူ ခိုင်လုံသောအထောက်အထားများဖြင့် လက်ကျန်ငွေများကို ပြန်လည်ထုတ်ယူနိုင်ပါသည်။
ကတ်အသုံးပြုမှုရပ်စဲခြင်း
-ကတ်ပိုင်ရှင်ကွယ်လွန်ခြင်း
-လူမွဲစာရင်းကြေငြာခြင်း
-အင်းဝဘဏ်မှ ချမှတ်ထားသော စည်းမျည်း၊ စည်းကမ်းတစ်ခုခုဖောက်ဖျက်ခြင်း
-ကတ်သုံးစွဲရာတွင် မှန်ကန်မှုမရှိခြင်း
-ကတ်စာရင်းနှင့်ပတ်သက်၍ အခြားအကြောင်းတစ်စုံတစ်ခုရှိခြင်း
အင်းဝဘဏ်လီမိတက်၏ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ် သိရှိလို ပါက အင်းဝဘဏ်လီမိတက်၏ Website ဖြစ်သော ablmm.com သို့ အင်တာနက်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး ဆက်သွယ်ကြည့်ရှုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။